အလုံမြို့နယ် မီးရထားဝန်ထမ်းလိုင်းခန်းနေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်

အလုံ ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ   ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲ ၃ နာရီက အလုံမြို့နယ်၊ စောရန်ပိုင်မြောက်ရပ်ကွက်ရှိ မီးရထားဝန်ထမ်းလိုင်းခန်းတွင် နေထိုင်သော ပြည်သူများအား  ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေး ဆရာမကြီး ဒေါ်လှသိန်းယဉ် ဦးဆောင်၍ ‌‌ဒေါ်ဆွေဆွေနွယ်(သားဖွားဆရာမ)၊ ဒေါ်သက်နွယ်လင်း(သားဖွားဆရာမ)နှင့် ကျန်းမာရေးဝန်ထမ်းများသည် အလုံမြို့နယ်၊ စောရန်ပိုင်မြောက်ရပ်ကွက်ရှိ မီးရထားဝန်ထမ်းလိုင်းခန်းတွင် နေထိုင်သော ပြည်သူများအား၊ တီဘီပိုးတွေ့လူနာနှင့် ဆက်စပ်နေသူ (Contact)များအား ကွင်းဆင်း၍ အသိပညာပေးခြင်း၊  ၅-နှစ်အောက်ကလေးများအား Vitamin A နှင့် သံချဆေးတိုက်ကျွေးခြင်း၊  အာဟာရချို့တဲ့သော ကလေးများအား Micronutrient Powder များပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)