ကျောက်ဆည် ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သင်ပျိုကျေးရွာတွင် သံပယိုစိုက်ခြင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သံပယိုစိုက်တောင်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
သံပယိုသီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်သည့် နှစ်ရှည်သီးနှံတစ်မျိုးဖြစ်ပြီး မြေနုကျွန်းများနှင့် နှုန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းကြောင်းနှင့် အစိုဓာတ်မပြတ်ရေသွင်းပေးရပြီး အပင်အပြုအစုကောင်းပါက အဆက်မပြတ်ခူးဆွတ်ရောင်းချရကြောင်း၊ အပင်(၇၀၀)ခန့်စိုက်ပျိုးပြီး လက်လီရောင်းချမည်ဆိုပါက နေ့စဉ်နီးပါးခူးဆွတ် ရောင်းချရသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သံပယိုသီးနှံစိုက်ပျိုးမည်ဆိုပါ အပင်ကိုင်းဖျာထွက်မှုကောင်းစေရေးနှင့် နေရောင်ခြည်အပြည့်အဝရှိစေရန်အတွက် အပင်ခြား၊ အတန်းခြား (၅)ပေမှ(၈)ပေ အကွာစိုက်ပျိုးကြကြောင်း၊ အပင်ကြီးထွားမှုနှင့် အသီးသီးနှုန်းကောင်းစေရန်အတွက် လိုအပ်သည့်အချိန်များတွင် ဆေးဖျန်းခြင်း၊ အာမိုမြေဩဇာကျွေးခြင်း ရေတင်ပေးခြင်းနှင့် ပေါင်းမြက်နှင့် မလိုအပ်သည့်ကိုင်းများကို ရှင်းပေးရကြောင်း ဂရုပြုဆောင်ရွက်ရကြောင်း၊ ကိုင်းကူးမျိုးစိုက်ပျိုးပါက စိုက်ပျိုးပြီး(၈)လအရွယ်တွင် အပွင့်များ စတင်ပွင့်ပြီး(၁)နှစ်အကြာတွင် အသီးများ စတင်ခူးဆွတ် ရောင်းချရကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)