မိုင်းယောင်း ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ဝမ်မန်းကျေးရွာအုပ်စု၊ နမ့်တောင်ကျေးရွာ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးပိုင် ဦးဆောင်သည့် တောမီးရှို့ခြင်းများ မပြုလုပ်စေရေး၊ မီးခိုးမြူငွေ့ဖုံးလွမ်းသည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရေး ကွင်းဆင်းစိစစ်ရေးအဖွဲ့(၄)က တောမီးလောင်ခြင်းများမှ ထွက်ရှိလာသော အခိုးအငွေ့များကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု၊ မီးခိုးမြူများ ထူထပ်စွာဖြစ်ပေါ်ပါက အသက်ရူကျပ်ခြင်း စသည်များဖြစ်ပေါ်စေနိုင်ခြင်းကြောင့် တောင်ယာ၊ တောတောင်များတွင် တောမီးမရှို့ရန်၊ တောမီးရှို့၍ အမဲလိုက်ခြင်းများ မပြုလုပ်ရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း