ကျိုင်းတုံမြို့၌ မိုင်းအခြေခံ(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၄)သင်တန်းဆင်း

ကျိုင်းတုံ  ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် မိုင်းအခြေခံ(ဆင့်ပွား)သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့က အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးနိုင်က အမှာစကားပြောကြား ပြီး သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။ အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့(ကျိုင်းတုံ)၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် သီးခြားရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ၃၀ ဦး တက်ရောက်ပြီး မိုင်းရှင်းလင်းရှာဖွေခြင်းဆိုင်ရာ အခြေခံသဘောတရားများ၊ မိုင်းအန္တရာယ် ကာကွယ်ရေးပစ္စည်းများ ကိုင်တွယ်အသုံးပြုနည်း၊ ပေါက်ကွဲယမ်းများအကြောင်း၊ သောင်းကျန်း သူများ အသုံးပြုလေ့ရှိသည့် မိုင်းအကြောင်း၊ ယမ်းအုံတစ်အုံအား ဖျက်ဆီးခြင်းတို့အား  ဖေဖော်ဝါရီ ၅ ရက်မှ ၁၆ ရက်အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)