ချမ်းအေးသာစံမြို့နယ် အနီဃာသီလရှင်စာသင်တိုက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ချမ်းအေးသာစံ  ဖေဖော်ဝါရီ ၁၇

ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင် ရပ်ကွက်၊ ၃၁×၆၂ လမ်းထောင့်ရှိ အနီဃာသီလရှင် စာသင်တိုက်တွင် ယနေ့နံနက် ၈ နာရီမှစတင်ကာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

နယ်လှည့်ဆေးကုရာသို့  အမှတ် ၁ စစ်မြေပြင်ဆေးတပ်ရင်းမှ တပ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဝင်း ဦး‌ဆောင်ကာ ဆေးကုသရေးအဖွဲ့ဝင် ၁၃ ဦး မှ အဆိုပါကျောင်းတိုက်ရှိ သီလရှင် ဆရာကြီး၊ ဆရာလေး  (၁၄၈)ပါးအား ဖျားနာရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြော ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ သားဖွား၊ မီးယပ်ရောဂါ၊နှား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးသွေးကြောရောဂါ စမ်းသပ်စစ်ဆေးခြင်း၊ Ultrasound စက်ဖြင့် ရောဂါရှာဖွေပေးခြင်း၊ ဆီးချို/သွေးချို စစ်ဆေးပေးခြင်းတို့အား ဆောင်ရွက်ပေးပြီး ညွှန်းပို့ရန် လိုအပ်သော လူနာများအား သက်ဆိုင်ရာဌာနများတွင် ဆက်လက် ကုသမှုခံယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်