မဟာအောင်မြေ ဖေဖော်ဝါရီ ၁၇
မဟာအောင်မြေမြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးကို မြို့နယ်အားကစားမှူး ဦးရှီးမွန်နှင့် အားကစားနည်းအလိုက် သင်တန်းဆပ်ကော်မတီများတက်ရောက်ခဲ့ပြီး မဟာအောင်မြေမြို့နယ်အနေဖြင့် "တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးနှင့် ထူးချွန်အောင်မြင်သည့် အားကစားသမားပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းများကို(၁.၃.၂၀၂၄)ရက်နေ့မှ (၃၀.၃.၂၀၂၄) ရက်နေ့အထိ ဘောလုံး၊ Boxing လက်ဝှေ့၊ ပြေခုန်းပစ်၊ မြန့်မာသိုင်း၊ မြန့်မာရိုးရာလက်ဝှေ့၊ တိုက်ကွမ်ဒို၊ ရိုးရာခြင်း၊ ပိုက်ကျော်ခြင်းစသည့် အားကစားနည်း(၈)နည်းဖြင့် ဖွင့်လှစ်ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးရှီးမွန်ထံမှ သိရသည်။
အောင်ဇော်မင်း