လားရှိုးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၏ မုဒ်ဦးရေစက်ချ မင်္ဂလာအခမ်းအနားကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်

လားရှိုး ဖေဖော်ဝါရီ ၁၇

လားရှိုးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၏ မုဒ်ဦးရေစက်ချ မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မန်ဆူစေတီတော်မြတ်ကြီးရှိ ရင်ပြင်တော်တွင် ပြုလုပ်သည်။

ညှိနှိုင်းအစည်းအဝေးသို့ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၏ မုဒ်ဦးရေစက်ချမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)