နောင်ချို ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့က သပြေရေရပ်ကွက်ရှိ ဘိုးဘွားရိပ်သာသို့ သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ မီးဘေးလုံခြုံရေးစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်လင်းနှင့်ဝန်ထမ်းများက မီးဘေးကာကွယ်ရေးပစ္စည်းများအား အဆင်သင့်ထားရှိရေး၊ လောင်စာဆီများ သိုလှောင်ထားမှုမရှိစေရေး၊ တပ်ဆင်ထားသည့် ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများ၊ ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက ကိုယ်တိုင်မီးငြှိမ်းသတ်နိုင်သည့် နည်းစနစ်များ၊ မီးဘေးအန္တရာယ်ကြုံတွေ့ချိန်တွင် အသက်အန္တရာယ်မထိခိုက်စေရေး ဆောင်ရွက်ရမည့်အချက်များနှင့် မီးလောင်မှုဖြစ်ပွားပါက ဆက်သွယ်ရမည့်ဖုန်းနံပတ်စသည်တို့ကို အကြံပြုစစ်ဆေးမှာကြားခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)