ကာလိ ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာရေးဆရာရွှေဒါးမောင်မြင့်ထွန်းရေးသားထားသည့် “စာဖတ်ခြင်းအနုပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထူအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဒေါ်ထင်ထင်ကျော်က စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ တစ်ဦးနှင့်တစ်ဦး အသိပညာ ဗဟုသုတများ ဖလှယ်တက်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး “စာဖတ်ခြင်းအနုပညာ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး Grade-9 မှ မောင်စိုင်းအွန်ဆိုင်က “စာဖတ်ခြင်း”ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မနန်းကျိန်ခမ်းက “စာဖတ်ခြင်းနှင့် အသိဉာဏ်”ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်စိုင်းကွမ်ရှမ်က”စာဖတ်ခြင်းလမ်းညွှန်” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မနန်းကွန်က”လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြို့ဦးစီးမှူးက သိရှိလိုသည်များကို ပြန်လည်ဖြည့်စွက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရဿည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်စာစောင်များ စုံလင်စွာခင်းကျင်းပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ ပြန်/ဆက်)