ရန်ကုန် ဖေဖော်ဝါရီ ၁၇
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော(President Cup)ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ မျိုးဆက်သစ်လူငယ်အဆင့်ပြိုင်ပွဲ ဒုတိယနေ့ကို ရန်ကုန်မြို့ (၉)မိုင် ပြည်လမ်းရှိ မြန်မာဂေါက်သီးရိုက်အသင်း၌ ယမန်နေ့တွင် ဆက်လက်ကျင်းပသည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်းမှ မြန်မာဂေါက်သီးရိုက်အသင်းသို့ အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပေးအပ်ရာ မြန်မာဂေါက်သီးရိုက်အသင်းအတွင်းရေးမှူး ဦးသက်ဇော်လှိုင်မှ လက်ခံရယူသည်။
ထို့နောက် Junior Golf Myanmar (JGM) ဒုတိယဥက္ကဋ္ဌ ဦးရန်အောင်မိုးမှ အသက်အငယ်ဆုံးနှင့် ကြိုးစားယှဉ်ပြိုင်သော လင်းမြတ်မွန်အားလည်းကောင်း၊ မြန်မာဂေါက်သီးရိုက်အသင်းဥက္ကဋ္ဌ ဒေါက်တာချိုထွန်းမှ အသက် ၁၂ နှစ်အောက် သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၈၁ ချက်ဖြင့် ဒုတိယဆုရရှိသော ရဲမင်းသန့်အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၁ ချက်ဖြင့် ထမဆုရရှိသော Choi Hwan လည်းကောင်းဆုများကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါ်မြင့်မြင့်သန်းမှ အမျိုးသမီးသက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၂၃၂ ချက်ဖြင့် တတိယဆုရရှိသော ယုယုအားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၂၃၂ ချက်ဖြင့် ဒုတိယဆုရရှိသော နှင်းထက်သံလွင်အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၈၈ ချက်ဖြင့် ပထမဆုရရှိသော မိုးမခကျော်သူအားလည်းကောင်း ဆုများကို ပေးအပ်ချီးမြှင့်သည်။
အစီအစဉ်အရ Junior Golf Myanmar (JGM)ဥက္ကဋ္ဌ ဦးမြင့်အောင်မှအသက်၁၄နှစ် အောက်သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၇၀ ချက်ဖြင့် တတိယဆုရရှိသော ခန့်ဘုန်းလျှံ အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၇၀ ချက်ဖြင့် ဒုတိယဆုရရှိသော လုံမျိုးစံလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၈ချက်ဖြင့် ပထမဆုရရှိသော ထွန်းထွန်းဦးတို့လည်းကောင်း ဆုများကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးမှ အသက် ၁၈ အောက်သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၆၃ ချက်ဖြင့် တတိယဆုရရှိသော ကောင်းထက်အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၀ ချက်ဖြင့် ဒုတိယဆုရရှိသော အောင်မင်းခန့်အား လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၅၉ ချက်ဖြင့် ပထမဆုရရှိသော Locadio K တို့အားလည်းကောင်းဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)