မိုးကုတ် ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးလုံခြုံရေးစစ်ဆးခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ(၂)နာရီက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မိုးကုတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးနိုင်မိုးဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက တက္ကသိုလ်စာမေးပွဲဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်၍ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးကြည့်ရှုစစ်ဆေးကာ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မီးသတ်ဆေးဘူးအသုံးပြုနည်းများကို လက်တွေ့ပြသခဲ့ကြောင်း သိရသည်။
ကြည်ကြည်နွဲ့(ပြန်/ဆက်)