လယ်ဝေး ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် မက်စ်မြန်မာဘိလပ်မြေစက်ရုံတွင် ယမန်နေ့နံနက် ၁၀ နာရီက မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒုတိယစက်ရုံမူး ဒေါ်ခင်မာဌေးက အမှာစကားပြောကြားပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) နေပြည်တော်အသင်းခွဲဥက္ကဋ္ဌ ဦးဇော်အောင်က အသင်းအကြောင်းသိကောင်းစရာများ၊ ဗဟိုအသင်းမှ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများအကြောင်း မူးယစ်ဆေးနှင့်ပက်သက်မှုများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ ဦးတင်ငွေက ဆေးလိပ်နှင့်ကွမ်းယာအစ မူးယစ်ဆေးသုံးစွဲမှုများ၊ ကော်မတီဝင်ဦးကျော်လင်းက ယနေ့လူငယ်နှင့်မူးယစ်ဆေးသုံးစွဲမှုများ၊ ကော်မတီဝင် ဦးဝင်းဦးက မူးယစ်ဆေးသုံးစွဲပါကအရေးယူနိုင်သော ဥပဒေတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)