တရုတ်-မြန်မာချစ်ကြည်ရေး အမျိုးသားအလွတ်တန်းစားပွဲတင်တင်းနစ် ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၇

၂၀၂၄ ခုနှစ် ရွှေနဂါးနှစ်တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် တရုတ်-မြန်မာ ချစ်ကြည်ရေး အမျိုးသားအလွတ်တန်း စားပွဲတင်တင်းနစ် ဖိတ်ခေါ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ သု၀ဏ္ဏမိုးလုံလေလုံ(၁)အားကစားရုံ၌ ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အားကစားသမား ၁၀၀‌ ကျော်ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

အဆိုပါပြိုင်ပွဲများကို ရှုံးထွက်စနစ်ဖြင့် ယှဉ်ပြိုင်ကစားကြပြီး ဗိုလ်လုပွဲပြိုင်ပွဲတွင် ကိုအေးခိုင်နှင့် ကိုကျော်ခန့်နိုင်တို့ အကြိတ်အနယ် ယှဥ်ပြိုင်ကစားကြရာကို‌ အေးခိုင်ကကို‌ကျော်ခန့်နိုင်ကို လေးပွဲတစ်ပွဲဖြင့် အနိုင်ရရှိကာ ပထမဆုရရှိသွားသည်။

ယင်းပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး၀န်ကြီးများ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများ တက်‌ရောက်ကြည့်ရှုအား‌ပေးပြီး ဒုတိယ၊ တတိယနှင့် အဆင့် ၁၆ အထိရရှိကြ‌သော အားကစားသမားများအား‌ အားကစားပစ္စည်းများနှင့်‌ ငွေသားဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး၀န်ကြီးချုပ်က ပထမဆုရရှိသွားသော ကိုအေးခိုင်အား အားကစားပစ္စည်းများနှင့် ငွေသားဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)