မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံး အဆောက်အဦးများအား မီးလောင်မှု၊မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်မီးသတ်ဦးစီးမှူးဦးစီအရာရှိ ဦးပြည့်စုံ ဦးဆောင်၍ ယမန်နံနက် ၁၀ နာရီက စစ်ဆေးခဲ့ကြပါသည်။
အဆိုပါစစ်ဆေးရာတွင် ဌာနဆိုင်ရာရုံးအဆောက်အဦးများ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်ရာသို့ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးပြည့်စုံဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၄) ဦး၊ မြို့နယ်ထွေအုပ်မှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မိုးသူ၊ မြို့နယ်လျှပ်စစ်မှ ဒုတိယလက်ထောက်မန်နေဂျာ ဦးမျိုးသန့်ဇင်ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့စခန်း၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဌာနများအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
မြမြဝင်း (ပြန်/ဆက်)