ကျိုက်မ​ရောမြို့တွင် မဲရုံမှူးများအား ​ရွေး​ကောက်ပွဲ လုပ်ငန်းစဉ်များတွင် ကျန်းမာ​ရေးနှင့် ပတ်သက်​၍  လိုက်နာရန် အချက်များအား ရှင်းလင်း​ ဆွေး​နွေး

ကျိုက်မ​ရော နိုဝင်ဘာ  ၂

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​​ကောက်ပွဲတွင်မဲရုံမှူးတာဝန်ထမ်း​ ​ဆောင်ရမည့် မဲရုံမှူးများအား ကျန်းမာ​ရေးနှင့် ပတ်သက်​၍ လိုက်နာရမည့် အချက်များအား ရှင်းလင်း​ဆွေး​နွေးပွဲကို ယ​နေ့ နံနက် ၁၀ နာရီက ကျိုက်မ​ရောမြို့ အတ္ထရံ ခန်းမ၌ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ​မြို့နယ်ကျန်းမာ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှူး ​ဒေါက်တာ​ကျော်ဝင်း​ဇော်က ရွေး​ကောက်ပွဲလုပ်ငန်းစဉ်များ၌ ကျန်းမာ​ရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းရာ၌ ကိုဗစ်-၁၉ ​ရောဂါကူးစက် ပြန့်ပွားမှုမရှိ​စေရန်အတွက် ဦးစား​ပေး​ဆောင်ရွက် သွားမည်ဖြစ်ရာ ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာနအ​နေဖြင့်​ ရောဂါကာကွယ်ထိန်းချုပ်​ရေး လုပ်ငန်းများနှင့် အညီ အထွေထွေရွေးကောက်ပွဲ​ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ​ရွေး​ကောက်ပွဲ​ကော်မရှင်အား လိုအပ်သည့် အကြံပြုချက်များ ​ပေးခြင်း၊ ​ရောဂါ ကာကွယ်​ရေးလုပ်ငန်းများအား ကြီးကြပ်​ဆောင်ရွက်​ပေးခြင်း၊ ကျန်းမာ​ရေးဝန်ထမ်းများနှင့် မဲရုံတာဝန်ကျ ဝန်ထမ်းများအား သင်တန်း​ပေးခြင်းနှင့် ပြည်သူလူထုအား ကျန်းမာ​ရေးအသိပညာဖြင့် မဲရုံများသို့​ ဆန္ဒမဲလာ​ရောက်​ပေးနိုင်ရန် အတွက် မဲရုံမှူးများ မှ စနစ်တကျ တာဝန်ယူ​ ဆောင်ရွက်​ပေးနိုင်ရန် လိုအပ်​​သော ကျန်းမာ​ရေး အ​ထောက် အကူပြုပစ္စည်းများလည်း မဲရုံအသီးသီးသို့ ​ပေးပို့ထားပြီးဖြစ်ရာ ​ရောဂါ ကာကွယ်ထိန်းချုပ်​ရေး လုပ်ငန်းများကိုတစ် မြို့နယ် လုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့်​ ဆောင်ရွက်သွားရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အပူချိန်တိုင်းကိရိယာများ၊ အ​ရေး​​ပေါ်ဖြစ်စဉ် များအတွက် အသုံးပြုရမည့်  PPE ဝတ်စုံများ ဝတ်ဆင်နည်းကို လက်​တွေ့သရုပ်ပြ သင်ကြား​ပေးခဲ့​ကြောင်း သိရသည်။


ယ​နေ့ ပြုလုပ်​သော ​ကျန်းမာ​ရေးနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ ရှင်းလင်းပွဲအခမ်းအနားသို့ မြို့နယ်ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲဝင်များ၊ မဲရုံအသီးသီး၌ မဲရုံမှူးတာဝန်ထမ်း​ဆောင်ရမည့် မဲရုံမှူး ဆရာ၊ ဆရာမ စုစု​ပေါင်း(၉၈)ဦးနှင့် ကျန်းမာ​ရေးဝန်ထမ်းများ တက်​ရောက်ခဲ့ကြကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)