သီပေါမြို့နယ်တွင် မဲရုံများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်

သီပေါ နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရာ၌ အသုံးပြုမည့် မဲရုံများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု နှင့် လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခြင်းများကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်များအတွင်းရှိ မဲရုံများတွင် မြို့နယ် မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို သီပေါမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဖြိုးဝေနှင့် ရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်ဦးစီး ဌာနမှူး ဦးအောင်ကြည်ထွန်းနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာဌာနများပူးပေါင်း၍ သီပေါ မြို့နယ်အတွင်းရှိ မဲရုံများကို မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးတို့အတွက်  အရေးပေါ်မီးသတ်ဆေးဘူး အသုံးပြု၍မီးငြှိမ်းသတ်နည်းနှင့် မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ခင်လေး(ပြန်/ဆက်)