ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

ကျိန္တလီ ဖေဖော်ဝါရီ ၁၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်သည့် အလေ့အထ ရရှိစေရန်၊ စာပေကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အသိပညာ ဗဟုသုတများ မျှဝေတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ မောင်ကျေးဇူး၏ ဘဝနေတတ်မှုအနုပညာစာအုပ်ဖြင့် ယနေ့ နေ့လယ်ပိုင်း အချိန်က Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ စာဖတ်ဝိုင်းတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ Book Club ဥက္ကဋ္ဌ ဦးခင်မောင်ညိုက တစ်နေ့တာတန်ဖိုးရှိစွာ နေတတ်မှုအနုပညာ (The Art of living forever) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ BookClub အဖွဲ့ဝင်ဒေါ်မေမြင့်က ကျက်ထားသမျှစာ၊ သိထားသမျှအရာ ပြန်လည်မှတ်မိသတိရမှု အနုပညာ (The Art of Memory) ခေါင်းစဉ်ဖြင့် လည်းကောင်း၊Book Clubအဖွဲ့ဝင်ဦးကျော်မင်းသန်းက သက်ရှည်ကျန်းမာနေနိုင်ရေး အချိန်ယူတတ်မှု အနုပညာ (The Art of Taking Time to Live) ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားပြီး အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။

ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Book Club ၊Women Club ၊Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းများ ပြုလုပ်ပြီး အသိပညာပေး အစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထက်မြက်