သိန္နီ နိုဝင်ဘာ ၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ပေါ်ရှိရပ်ကွက်အလိုက်မဲရုံများနှင့် မဲဆန္ဒနယ်မြေ အမှတ်(၂) အတွင်းရှိ မဲရုံများအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးပျို့မောင်နှင့် အဖွဲ့၀င်များလိုက်ပါလျက် သက်ဆိုင်ရာ မဲရုံအသီးသီးသို့ သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မဲရုံသုံးပစ္စည်းများ ခင်းကျင်းပြသထားရှိမှု အခြေအနေများ၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ မဲရုံသို့ လာရောက် ဆန္ဒမဲပေးကြမည့် သူများ လိုက်နာရမည့်အချက်များ၊ လက်ဆေးရမည့်နေရာ သတ်မှတ်ချက်၊ လက်ဆေးရန် Hand Gel များ ထားရှိမှု နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင် ကြရန် စသည့် အချက်အလက်များကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နှင့် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာဇော်မိုးအောင်တို့ကသက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဖိုးချို (ပြန်/ဆက်)