လဲချားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

လဲချား ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နေ့လယ် (၁)နာရီ အချိန်က ကျင်းပခဲ့ပါသည်။

အဆိုပါ ပုံပြင်ပြောပြိုင်ပွဲတွင် ဒုတိယဉီးစီးမှူး ဒေါ်​ဟေမွန်ဉီးမှ ကျောင်းသား/သူ လူငယ်များအား စာကြည့်တိုက်ကို အသုံးချတတ်စေရန်၊ စာများများဖတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်လိုသော စိတ်ဖြစ်ပေါ်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျောင်းသား/သူ စုစုပေါင်း (၈)ဦးပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဦးစီးအရာရှိမှ ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ်/ပြန်ဆက်)