မိုင်းရယ် ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်လုံးဆိုင်ရာ (၂၄) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ(ရေးဖြေနှင့်အာဂုံပြန်) စာမေးပွဲကို မိုင်းရယ်မြို့နယ် စာဖြေဌာနအနေဖြင့် ဖေဖော်ဝါရီ (၁၀) ရက်မှစ၍ မိုင်းရယ်မြို့၊ ပရိယတ္တိစာသင်တိုက်၊ ဆိုင်မိန်းကျောင်း၊ ဓမ္မာရုံတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပရိယတ္တိသဒ္ဓမ္မပါလ(ရေးဖြေနှင့်အာဂုံပြန်) စာမေးပွဲကို မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၈၃) ကျောင်းမှ အခြေပြုမူလတန်းဆင့် သာမဏေ (၂၄) ပါး၊ ပထမဆင့်(ပထမနှစ်) သာမဏေ (၁၃၇) ပါး၊ ပထမဆင့်(ဒုတိယနှစ်) သာမဏေ (၃၈) ပါး၊ ပထမဆင့် (တတိယနှစ်) ရဟန်း/သာမဏေ (၁၆) ပါး၊ စုစုပေါင်း ရဟန်း/သာမဏေ (၂၁၅) ပါး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
စာမေးပွဲတွင် စာဖြေသံဃာတော်များမှ ဖေဖော်ဝါရီ (၁၀) ရက်မှ (၁၇) ရက်နေ့အထိ ဝိနည်း၊ သုတ္တန်၊ ရှမ်းစာပေ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ မြန်မာစာ၊ ပါဠိနှင့် အဘိဓမ္မာဘာသာရပ်များအား (ရေးဖြေ) နှင့် ဖေဖော်ဝါရီ (၁၈) ရက်တွင် ပရိတ်ကြီးနှင့်သင်္ဂြိုဟ် ဘာသာရပ်များအား (အာဂုံပြန်) ဖြေဆိုမည်ဖြစ်ကြောင်းနှင့် စာမေးပွဲကို နေ့စဉ် မွန်းလွဲ (၁) နာရီမှ ညနေ (၄) နာရီထိ ဖြေဆိုလျက်ရှိသည်။
ယင်းစာဖြေသံဃာတော်များအား အမှတ် (၂) လှုပ်ရှားစစ်ဗျူဟာနှင့် အမှတ် (၃၅၀) အမြောက်တပ်မှ ဆေးမှူးကြီး (၁) ဦး၊ သူနာပြု (၁) ဦး၊ ဆေးတပ်ထောက်အရာခံဗိုလ် (၁) ဦး၊ တပ်ကြပ်ကြီး သားဖွားဆရာမ (၁) ဦးတို့ဖြင့် နေ့စဉ်ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)