မြစ်ကြီးနား ဖေဖော်ဝါရီ ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သင်းအောင်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြစ်ကြီးနားခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ အတွင်းရေးမှူး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးအောင်ကျော် က ကော်မတီဖွဲ့စည်းထားရှိမှု အခြေအနေများ၊ လုပ်ငန်းတာဝန်များ၊ ကော်မတီ၏ လုပ်ငန်း တာဝန်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အထွေထွေဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြရာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ ဥက္ကဋ္ဌက တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြီး သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် သွားနိုင်ရေး လမ်းညွှန်မှာကြားသည်။
ယော်ဆောင် (ပြန်/ဆက်)