မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးအဆောက်အဦများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်

မင်္ဂလာတောင်ညွန့် ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးအဆောက်အဦများအား မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီအရာရှိ ဦး‌‌‌ဌေးလင်းဦး ဦးဆောင်၍ ယမန်နေ့မွန်းတည့် (၁၂း၀၀) နာရီက စစ်ဆေးခဲ့ကြပါသည်။

အဆိုပါစစ်‌ဆေးရာတွင် ဌာနဆိုင်ရာရုံးအဆောက်အများ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများအသိပညာပေးခြင်းများ ဆောင်ရွက်ရာသို့ မြို့နယ်မီးသတ်ဉီးစီးအရာရှိ ဉီးဌေးလင်းဉီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃) ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဟိန်းဇေယျာ၊ မြို့နယ်လျှပ်စစ်မှ လျှပ်စစ်ကျွမ်းကျင်(၂) ဦးမိုးဇော်နှင့်အဖွဲ့တို့ဖြင့် ၁၄-၂-၂၀၂၄ ရက်နေ့မှ ယနေ့ထိ ဌာနဆိုင်ရာ(၁၃)ရုံးအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

မြို့နယ် (ပြန်/ဆက်)