စဉ့်ကိုင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၃၂၀၂၄ ပညာသင်နှစ်၊ အခန်းဆုံး တတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲများဖြေဆို

စဉ့်ကိုင်  ဖေဖော်ဝါရီ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခန်းဆုံး တတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲများကို ဖေဖော်ဝါရီလ(၁၃) ရက်​မှ စတင်၍    (Grade-4 )အတန်းကို တစ်ရက်လျှင်နှစ်ဘာသာဖြင့် လည်းကောင်း၊ ဖေဖော်ဝါရီ(၂၀)ရက်နေ့အထိ (Grade -6 ) မှ ( Grade -11 )ထိ တစ်ရက်လျှင် တစ်ဘာသာဖြင့် လည်းကောင်း ဖြေဆိုလျက်ရှိရာ မြို့နယ်ပညာ​ရေးမှူး၏  ကြီးကြပ်မှုဖြင့်  တာ၀န်ကျဆရာ/ဆရာမများက  အနီးကပ်ကြီးကြပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း၌ အ.ထ.ကကျောင်း(၆)ကျောင်း၊ အ.ထ.ကခွဲ(၁၀)ကျောင်း၊ အ.လ.က(ခွဲ) ကျောင်း၊ (၆)ကျောင်း၊ အ.မ.က(၇၉) ကျောင်း၊ အ.မ.က(ခွဲ) ကျောင်း(၂)ကျောင်း၊ စုစုပေါင်းအခြေခံပညာ ကျောင်းပေါင်း(၁၀၃)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၄) ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းပေါင်း(၉)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)