ကလော ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း Book Club အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဒေါ်သီတာဝင်းက စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် အောင်မြင်သူတို့ရဲ့အပြုအမူ စာအုပ်မှလူကြီးဖြစ်လာကြမည့် လူငယ်များသို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူများအသင်း Book Clubအဖွဲ့ဝင် ဒေါ်ပြည့်ဖြိုးကြွယ်က အောင်မြင်သူတို့ရဲ့အပြုအမူ ခေါင်းစဉ်နှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Clubအဖွဲ့ဝင် ဒေါ်ဒေါ်ရတနာဟန်နီဇော် က စိတ်ဖြူ၊ နှုတ်ဖြူ၊ အလုပ်ဖြူ ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ရာ ဆွေးနွေးချက်များပေါ် မြို့နယ်ဦးစီးအရာရှိနှင့် Book Club အဖွဲ့ဝင်များက ပြန်လည်ဝေဖန်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)