တံတားဦးမြို့နယ်တွင် ဆောက်လုပ်လျက်ရှိသည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်နေမှုကို ကျောက်ဆည်တက္ကသိုလ်မှ ဒုတိယညွှန်ကြားရေးမှူး ကြည့်ရှုစစ်ဆေး

တံတားဦး ဖေဖော်ဝါရီ  ၁၆

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း တည်ဆောက်နေမှုကို ကျောက်ဆည်တက္ကသိုလ်မှ ဒုတတိယညွှန်ကြားရေးမှူး ဦးစန်းမောင် ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က  ကြည့်ရှုစစ်ဆေးခဲ့သည်။

တံတားဦးမြို့ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆောက်လုပ်နေမှုကို ဆုပြည့်စံဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက်လုပ်ရေးတာဝန်ခံ အင်ဂျင် နီယာ ဦးကောင်းဇံက ရှင်းလင်းတင်ပြပေးသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးသည် အထက်တန်းကျောင်း ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ အဆောက်အဦများ ရေရှည်တည်တံ့ရေး၊ ကောင်းမွန်ပြီး သပ်ရပ်မှုရှိရေး၊  အဆောက်အဦအား အရည်အသွေးပြည့်မီရေးနှင့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရေး၊ သတ်မှတ်အချိန်တွင် ပြီးစီးရေး စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

တံတားဦးမြို့ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် RCC (၁)ထပ်ဖြစ်ပြီး အလျား (၁၁၈)ပေ၊ အနံ(၉၆)ပေကို (၄၅၂.၀၁၉)ကျပ်သန်းဖြင့် ဆုပြည့်စံကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျက်ရှိကြောင်း၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ(၃၅) ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါအဆောက်အဦတွင် စာင်ခန်း(၆)ခန်းပါဝင်ပြီး စာသင်ခန်းတစ်ခန်းလျှင် အလျား (၄၀)ပေ၊ အနံပေ(၃၀)ပေနှင့် ဝရန်တာ(၈)ပေတို့ပါဝင်ကြောင်းလည်း သိရသည်။

ရဲတင့်(ပြန်/ဆက်)