ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များအား လမ်း၊ လမ်းမီး၊ ရေမြောင်းနှင့် အမှိုက်သိမ်းစနစ်များအား ဟန်ချက် ညီညီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေး

ပြည်ကြီးတံခွန် နိုဝင်ဘာ ၂

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များအား လမ်း၊ လမ်းမီး၊ ရေမြောင်းနှင့် အမှိုက်သိမ်းစနစ်များအား ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်ဦးစောဟန် က ပြောကြားခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် မူလက ရပ်ကွက်(၁၆)ရပ်ကွက်သာရှိပြီး ၂၀၂၀ ပြည့်နှစ်ဇွန်လမှ စတင်ကာ (၂)ရပ်ကွက် တိုးလာခြင်းကြောင့် ရပ်ကွက်ပေါင်း(၁၈)ရပ်ကွက်ဖြစ်လာကြောင်း၊ ထပ်တိုးရပ်ကွက်များမှာ လိုအပ်ချက် များစွာ ရှိနေသေးကြောင်း၊ လမ်း၊ လမ်းမီး၊ ရေမြောင်းနှင့် အမှိုက်သိမ်းစနစ်များအား ဟန်ချက် ညီညီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးစောဟန်က ပြောကြား ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်း၌ လေးနှစ်ကျော်ကာလအတွင်း လမ်းပေါင်း(၁၀၀)ကျော် အဆင့်မြင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုနှစ်တွင် လမ်းပေါင်း(၃၀) အဆင့်မြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လမ်းမီးများအနေဖြင့် လမ်းမီးတိုင်ပေါင်း တစ်သောင်း ကျော် စိုက်ထူထွန်းညှိပေးနိုင်ခဲ့ကြောင်း၊ ရေစီးရေလာကောင်းမွန်ရေး အတွက် ရေမြောင်းများအား ဆယ်ယူ ရှင်းလင်းခြင်း၊ မြို့နယ်အတွင်းမှာရှိတဲ့ အဓိကရေမြောင်းတစ်ခု ဂျပန်ရေမြောင်းကိုလည်း Precast စနစ်ဖြင့် ရေစီးရေလာကောင်းမွန်ရေး ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်အတွင်း သန့်ရှင်းသာယာ လှပရေးအတွက် အမှိုက်သိမ်းယာဉ်များဖြင့် ရပ်ကွက်များသို့ သွားရောက်ကာ စနစ်တကျဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ မြို့နယ်တစ်ခုလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ၎င်း က ဆက်လက်ပြောကြားခဲ့သည်။

သန်းဇော်မင်း(ပြန်/ဆက်)