ငါန်းဇွန် ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက နှစ်သစ်တွင် ကောင်းကျိုးစီးပွားအဖြာဖြာ တိုးတက်ကြပါစေ ခေါင်းစဉ်ဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်ကောင်းစားရေး၊ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးအတွက် အနှောင့်အယှက်အဟန့်အတား၊ ဖျက်ဆီးမှုများကို စည်းလုံးညီညွတ်မှုဖြင့် ဝိုင်းဝန်းဖယ်ရှား တိုက်ဖျက်ပြီး မင်္ဂလာရှိသော နှစ်သစ်တွင် တိုင်းရင်းသားပြည်သူများအားလုံး စိတ်သစ်၊ လူသစ်၊ အားမာန်သစ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဉက္က ဒေါ်မြင့်မြင့်ခိုင်နှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)