လဲချား ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့၌ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာပြန်ပွဲတော်ကို ဖောင်တော်ဉီးကျောင်းတိုက်တွင် သံဃာတော်အပါး (၁၀၀၀)ကျော်သည် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ နေ့စဉ်ကျင်းပ ပြုလုပ်လျက်ရှိပါသည်။
အဆိုပါ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာပြန်ပွဲတော်မှ သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးဖြိုးမြင့်ဝေနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ယနေ့ နေ့လယ် ၁ နာရီခွဲအချိန်က အချိုရည်များ သွားရောက်ဆပ်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ်၊ ပြန်/ဆက်)