လယ်​ဝေးမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦ မှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

လယ်ဝေး ဖေဖော်ဝါရီ ၁၅

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနိုင်ရေး Census Unit (သန်းခေါင်စာရင်းယူနစ်)များတွင် အဆောက်အဦစာရင်းတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ဦးစီးမှူးရုံးမှ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၇)ရပ်ကွက်တွင် ဆောင်ရွက်လျက်ရှိသည်။ ယမန်နေ့က အမှတ် ၃ ရပ်ကွက်တွင် အိမ်ထောင်စု ၇၀၊ အမှတ် ၆ ရပ်ကွက်တွင် အိမ်ထောင်စု ၆၇ စု၊ စုစုပေါင်းအိမ်ထောင်စု ၁၃၇ စု၏ အဆောက်အဦစာရင်းအား ကောက်ယူပြီးစီးခဲ့ပြီး ဆက်လက်ကောက်ယူလျက်ရှိကြောင်း သတင်းရရှိသည်။

ဝေကြည်(ပြန်/ဆက်)