ဇမ္ဗူသီရိမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး

ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းများကို  ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။                         

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖြိုးညွန့်မောင် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က သပြေကုန်းရပ်ကွက်၊ အမှတ် (၂) နယ်မြေအတွင်းသို့ သွားရောက်ပြီး မီးလောင်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးလုံခြုံရေးအတွက် မိုးမှာလေ့ကျင့်၊ ဆောင်းမှာစစ်ဆေး၊ နွေမှာအသင့်ရှိရေးဆိုသည့် ဆောင်ပုဒ်နှင့်အညီ မီးဖိုအသုံးပြုသည့် နေအိမ်များ၊အခြားမီးသုံးစွဲသည့် နေအိမ်များကို မီးများစနစ်တကျသုံးစွဲရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်ချက်များအား လိုက်လံစစ်ဆေး၍ မီးမလောင်ခင်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးလောင်လျှင် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မီးလောင်ပြီးဆောင်ရွက်ရမည့် နည်းလမ်းများအား လှည့်လည်အသိပညာ ပေးခြင်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)