ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ဖြုတ်ခွဲကျေးရွာတွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြုတ်ခွဲကျေးရွာသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီဝင်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သော အဖွဲ့သည် ကျေးရွာအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပေးခြင်း၊ အရေးပေါ် မီးသတ်တယ်လီဖုန်းနံပါတ်များ ဖြန့်ဝေပေးခြင်း၊ မီးဖိုအသုံးပြုသည့် နေအိမ်များနှင့် အခြားမီးသုံးစွဲသည့် နေအိမ်များအား မီးများစနစ်တကျသုံးစွဲရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်ချက်များအား လိုက်လံစစ်ဆေး၍ မီးမလောင်ခင်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးလောင်လျှင် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မီးလောင်ပြီး ဆောင်ရွက်ရမည့်နည်းလမ်းများကို လှည့်လည်အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)