မက်မန်း ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ ကွန်ဟောင်းကျေးရွာ၊ ဘုရားကျောင်း၌ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အဆိုပါအခမ်းအနားတွင် လားရှိုးမြို့၊ လူငယ်များဘဝတိုးတက်ရေးအဖွဲ့တာဝန်ခံ ဦးကျချီရှဲက ဦးဆောင်၍ မက်မန်းမြို့နယ် လူငယ်မောင်မယ်များအဖွဲ့၊ အမျိုးသမီးများအဖွဲ့၊ လားဟူဧမာနွေလနှစ်ချင်းအသင်းတော်တို့ ပူးပေါင်းကာ လူငယ်မောင်မယ်များအား ဝတ်ပြုဆုတောင်းခြင်း၊ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ သင်တန်းများပို့ချခြင်း၊ လူငယ်မောင်မယ်များ စိတ်ပျော်ရွှင်စေသည့် ဂိမ်းများကစားခြင်းများ ဆောင်ရွက်ခဲ့ပြီး ချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။
“အဆိုပါအစီအစဉ်များကို ယခုနှစ်မှစတင်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး နှစ်စဉ်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် လူငယ်မောင်မယ်(၉၀) ကျော်ပါဝင် တက်ရောက်ခဲ့ကြကြောင်း မက်မန်းမြို့နယ် လူငယ်မောင်မယ်များအဖွဲ့ဝင် ဒေါ်နာရီထံမှ သိရသည်။
စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)