လယ်ဝေးခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီ (တတိယအကြိမ်) နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ (ဒုတိယအကြိမ်) ညှိနှိုင်း အစည်းအဝေးကျင်းပ

လယ်ဝေး ဖေဖော်ဝါရီ ၁၅

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ (တတိယအကြိမ်) နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ (ဒုတိယအကြိမ်) ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ လယ်ဝေးခရိုင်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာဆပ်ကော်မတီဥက္ကဋ္ဌ ဦးဇင်မင်းကိုက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ လယ်ဝေးခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ဆပ်ကော်မတီအတွင်းရေးမှူးက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာနှင့် မြီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ ဆပ်ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ဆပ်ကော်မတီဝင်များဖြစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်မှုများနှင့် ဖြည့်စွက်လိုသည့်အချက်များအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)