လယ်ဝေးမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အအုံများတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောသရုပ်ပြခြင်းနှင့် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

လယ်ဝေး ဖေဖော်ဝါရီ ၁၅

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောသရုပ်ပြခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းတို့ကို ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့၊ အမှတ် (၆) ရပ်ကွက်၊ ဂျာမေဗလီတွင်နေပြည်တော်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြတ်သီဟ ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ဌေး၊ လယ်ဝေးမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းကျော်နှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဂျာမေဗလီမှ ဘာသာရေးအဖွဲ့ဝင် ၃၀ ဦးအား မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောသရုပ်ပြဆောင်ရွက်ခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းတို့ ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)