မြစ်သားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ဆက်လက် ဖြေဆို

မြစ်သား ဖေဖော်ဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူများအတွက် နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ကိုအေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့သည်။

အဆိုပါ နှစ်ဆုံးစာမေးပွဲကို မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၇၀၀၃)ဦး၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၈၀၇)ဦးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၈၂၇)ဦး စုစုပေါင်းကျောင်းသား၊ကျောင်းသူ(၂၈၆၃၇)ဦးတို့ ဒုတိယနေ့စာမေးပွဲကို ဆက်လက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ကျောင်းသား၊ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဒုတိယနေ့ကို အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊သက်ဆိုရာကျောင်းများမှတာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ပေးလျက်ရှိပြီး ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများက လုံခြုံရေးကိစ္စများကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်

ဝင်းမင်းထွန်း(ပြန်/ဆက်)