စမ်းချောင်းမြို့နယ်တွင် Pfizer (Original Strein) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံ

စမ်းချောင်း ဖေဖေါ်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်၊ အမှတ် (၃) ရတနာပုံလမ်း အ.မ.က (၃) ကျောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး Centre တွင် ယမန်နေ့နံနက် (၉) နာရီအချိန်က Pfizer (Original Strein) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Pfizer (Original Strein) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံလာသူ ပြည်သူများအား ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများကို အသက်(၆၅)နှစ် အထက်ပြည်သူများ၊ အသက်(၅၀)နှစ် အထက် နိုင်ငံဝန်ထမ်းများ၊ အသက်(၁၈)နှစ်အထက် နာတာ ရှည်ရောဂါရှိသူများစုစုပေါင်း (၇၇)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သောပြဿနာ တစ်စုံတစ်ရာမရှိစေရေးအတွက် စမ်းချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်၍၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးနှံလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း