ကျောက်ဆည်ခရိုင်တွင် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေး

ကျောက်ဆည်  ဖေဖော်ဝါရီ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း နေထိုင်ကြသောပြည်သူများစားအုန်းဆီအခက်အခဲမရှိရေး ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ စားအုန်းဆီတင်သွင်းရောင်းချသော ကုမ္ပဏီများနှင့် ချိတ်ဆက်၍ဝယ်ယူပြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများ၊ဌာနဆိုင်ရာဝန်ထမ်းများအား နေ့ရက်အလိုက် သတ်မှတ်ပြီး ရောင်းချပေးလျက်ရှိကြောင်း သိရှိရပြီး ယနေ့နံနက်(၁၀)နာတွင် ကျောက်ဆည်၊ စဉ့်ကိုင်၊ ကူမဲ၊ ပလိပ်မြို့နယ်များတွင် ရည်ညွှန်းဈေး တစ်ပိဿာငွေ(၅၂၇၅)ကျပ်ဖြင့် ဝယ်ယူရရှိသော စားအုန်းဆီများကို ငွေ(၅၇၁၅)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချသော စားအုန်းဆီများသည် Agga Hinthar Co,Ltd မှ ဝယ်ယူရရှိသော စားအုန်းဆီများဖြစ်ပြီး ကျောက်ဆည်မြို့နယ်၌ နေလသုခ၊ အာကာကျော်၊ ဂျူးဂျူး၊ မီဇာန်၊ ဝင်းရတနာ၊ နဒီဧရာ၊ အမေထွား စားသုံးဆီလက်လီ/လက်ကားအရောင်းဆိုင်များမှ ငါးလုံကုန်း၊ ကျောင်းကုန်း၊ ဗလုံး၊ ပေတောကြီး၊ ငါးဆူ၊ ဆူလေကုန်း၊ ပတ္တာ၊ တံတကားဦး၊ မြို့မ၊ ရပ်ကွက်/ကျေးရွာများတွင် ဆီပိဿာချိန် (၃၉၆၀) ပိဿာကို လည်းကောင်း၊ စဉ့်ကိုင်မြို့နယ်၌ အောင်စိုးမိုး၊ ကျော်ကျော်မင်း၊ ဒေါ်လာ၊ စားသုံးဆီလက်လီ/လက်ကား အရောင်းဆိုင်များမှ တရုပ်စုရပ်ကွက်နှင့်မြောက်မြေရွာ ကျေးရွာများတွင် ဆီပိဿာချိန်(၆၆၀)ပိဿာကိုလည်းကောင်း၊ ကူမဲမြို့နယ်၌ ရှယ်လီဌေး၊ ဖိုးကံကောင်း၊ ရတနာဌေး၊ ငွေကလပ်၊ အောင်စိုးမိုး၊ လှ၊ စားသုံးဆီလက်လီ/လက်ကားအရောင်းဆိုင်များမှ ဆီပိဿာချိန်(၁၃၂၀) ပိဿာကိုလည်းကောင်း၊ ပလိပ် မြို့နယ်၌ စစ်မှန် စားသုံးဆီလက်လီ/လက်ကားအရောင်းဆိုင်များမှ မြောက်မြေရွာကျေးရွာတွင် (၂၂၀)ပိဿာ အသီးသီးရောင်းချပေးခဲ့ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)