အလုံ ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် Pfizer Vaccination (Booster) ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးလာသူပြည်သူများအား ဆေးမထိုးမီ ကျန်းမာရေး စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့် အညီ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၆၅-နှစ်အထက်ပြည်သူများ၊ အသက်(၅၀)အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်-၁၈ နှစ်အထက် နာတာရှည်ရောဂါရှိသည့် ပြည်သူများ၊ အသက် (၅၀) အထက် နာတာရှည်ရောဂါရှိသည့် ပြည်သူများ စုစုပေါင်း (၂၁) ဦးအား ထိုးနှံပေးနိုင်ခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မလိုလားအပ်သောပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)