ငါန်းဇွန် ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ပြည်သူများအတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည့်းများ၊ ဆေးဝါးများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း မဖြစ်စေရန် ယမန်နေ့ နေ့လယ် ၂ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့မှ ကွင်းဆင်းလေ့လာစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်များအနေဖြင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများအား ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မရှိစေရေးအတွက် ဈေးကွက်အတွင်း ကွင်းဆင်းလေ့လာစစ်ဆေးခြင်းနှင့်ဆေးဆိုင်များမှ တာဝန်ရှိသူများအား အသိပညာပေးခြင်းအပါအဝင် လိုအပ်သည်များ ထိန်းကျောင်းနိုင်ရေး ပေါင်းစပ်စီမံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)