နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ

တံတားဦး ဖေဖော်ဝါရီ ၁၄

နိုင်ငံတော် သံဃမအဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် သန်လျင်မြို့ မင်းပထမပြန် စာသင်တိုက်ပဓာနနာယက  အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဒဇ  ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသသည် ယနေ့နံနက်(၇)နာရီ(၄၅)မိနစ်အချိန်က တံတားဦးမြို့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီးစဉ်အမှတ် 8M-3307 / လေယာဉ်အမှတ် XY-ALJ/ လေယာဉ်အမျိုးအစား A320 ဖြင့် ရောက်ရှိတော်မူသည်။

အဆိုပါ လေဆိပ် ဆရာတော်ကြွရောက်တော်မူရာသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်နှင့် တာဝန်ရှိများ၊ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက သွားရောက် ကြိုဆိုကြသည်။

ထို့နောက် ဆရာတော်သည် လေဆိပ်အတွင်းရှိ နားနေဆောင်တွင် ခေတ္တသီတင်းသုံးနေပြီးနောက် နံနက်(၈)နာရီ (၅)မိနစ် အချိန်တွင် မန္တလေးမြို့သို့ ကြွရောက်တော်မူကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)