ပင်လုံ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘက်စုံထူးချွန် လူရည်ချွန်မောင်မယ်များ ဂုဏ်ပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လယ် (၁:၀၀)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားမစတင်မှီ ကျောင်းအုပ်ဆရာမကြီးမှ တစ်နှစ်တာ ကျောင်းလှုပ်ရှားမှုများကို Projector ဖြင့် ရှင်းလင်းတင်ပြ၍ အခမ်းအနားကို Grade-12 ကျောင်းသား မောင်စိန်ပန်းက အောင်ပါစေသီချင်းဖြင့် ကပြဖျော်ဖြေ၍ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ခရိုင်ပညာရေးမှူးဒေါက်တာ မြင့်မြင့်အေးမှ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်စကား ပြောကြားပါသည်။ ဆက်လက်၍ ဘက်စုံထူးချွန်လူရည်ချွန်များနှင့် ဘက်စုံထူးချွန်အောင် သင်ကြားပြသပေးခဲ့သော ဆရာ/ဆရာမများအား တက်ရောက်လာကြသော ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ပင်လုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဖိတ်ကြားထားသော ကျောင်းအုပ်ဆရာမများ၊ ပအိုဝ်းစာပေနှင့် ရှမ်းစာပေယဥ်ကျေးမှုကော်မတီများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများက ဂုဏ်ပြုဆုများကို အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။
ဆက်လက်၍ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆို၊ က၊ ရေး၊ တီး ပထမဆုရ မချစ်ဆုထွေး၏ အကအလှဖြင့် ဖျော်ဖြေကာ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)