မက်မန်း ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် နေထိုင်သော လားဟူတိုင်းရင်းသားများသည် နှစ်စဉ်ကျင်းပမြဲဖြစ်သော လားဟူနှစ်သစ် ကူးပွဲတော်အထိမ်အမှတ်အဖြစ် စုပေါင်း၍ရိုးရာအကများကို ဝိုင်းဖွဲ့၍ လားဟူအမျိုးသား၊ အမျိုးသမီး များပါဝင်၍ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ မက်မန်းမြို့၊ ကွန်ဟောင်းကျေးရွာ၊ အားကစားကွင်းတွင် စုပေါင်းဆင်နွှဲလျက်ရှိသည်။
လားဟူတိုင်းရင်းသားများသည် စုပေါင်း၍ ရိုးရာအကများ ဝိုင်းဖွဲ့ကရသည့် ရည်ရွယ်ချက်မှာ အချင်းချင်းရင်းနှီမှုကိုရရှိစေခြင်း၊ အဝေးရောက်နေသောဆွေးမျိုးများအား ပြန်လည်ဆုံစည်းမှုရရှိခြင်း၊ ညီညွတ်မှုကိုပြသခြင်းနှင့် ရိုးရာအကများအား ခေတ်လူငယ်များအား လက်ဆင့်ကမ်းပေးခြင််ဖြစ်ကြောင်းလည်း သိရသည်။ လားဟူရိုးရာအကများအပြင် လူငယ်မောင်မယ်များမှလည်း တေးသရုပ်ဖော်များစုပေါင်းကပြခြင်းများလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လားဟူယဉ်ကျေးမှုအဖွဲ့၊ အတွင်းရေးမှူး ဒေါ်နာဘိုထံမှ သိရသည်။
စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)