မိုင်းပျဉ်း ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် သတင်းတု၊ သတင်းမှားကိစ္စရပ်များ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယန်းကျေးရွာ ဘုန်းကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူမိုးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်လွင်က အင်တာနက်ပေါ်တွင် သတင်းမှား၊ သတင်းတုများတင်ခြင်း၊ မဖွယ်မရာတင်ခြင်း၊ နိုင်ငံရေးအရတိုက်ခိုက်ပြောဆိုခြင်းများနှင့်စပ်လျဉ်းသော ဥပဒေများကိုလည်းကောင်း၊ မြို့နယ်စခန်းမှူး ဒုရဲမှူးအောင်ကျော်က အင်တာနက်အသုံးပြုခြင်းနှင့် လိမ်လည်မှုများခံရခြင်းမရှိအောင် ဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက အင်တာနက်ပေါ်မှ သတင်းတု၊ သတင်းမှားများအား ယုံလွယ်မှုများမဖြစ်ပေါ်စေရေး၊ သတင်းမှန်ပြန်ကြားရေးလုပ်ငန်းများကို Facebook page များ လွှင့်တင်ပေးလျက်ရှိကြောင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ရေး ပြည်သူအားလုံး စာပေဗဟုသုတများ ပိုမိုဖတ်ရှုစေလိုကြောင်းနှင့် စာပေ၏အကျိုးကျေးဇူးများအကြောင်းတို့ကိုလည်းကောင်း၊ ဘေးစီမံဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးသော်က သဘဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသော ကျေးရွာသူ၊ ကျေးရွာသားများက သိရှိလိုသည်များ ပြန်လည်မေးမြန်းကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ပြန်ကြာဖြေကြားရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဟောင်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမိုးကျော်နှင့် ဝမ်ယန်းကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသားများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး (ပြန်/ဆက်)