ညောင်ဦး ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများလျော့နည်း ကျဆင်းရေးနှင့် မီးခိုးမြူငွေ့ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းစဥ်များအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင်လည်း လုပ်ငန်းများ ကွင်းဆင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းစဥ်များအတွက် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီသို့ရောက်ရှိ လာပြီဖြစ်သည်နှင့်အညီ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် ရပ်ကွက်/ကျေးရွာများအတွင်းရှိ စက်ရုံ/အလုပ်ရုံများ၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စျေးများ၊ ဌာနဆိုင်ရာရုံးများနှင့် အခြားမီးဘေးစိုးရိမ်ရသော လုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အတွက် စစ်ဆေးအကြံပြုခြင်း၊ အသိပညာပေးဟောပြောပို့ချခြင်း၊ လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်း ရပ်များအား မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်ချက်နှင့်အညီ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ သစ်ထောင့်ကျေးရွာအနီး ညောင်ဦး - မြင်းခြံသွား ကားလမ်းမကြီးဘေးရှိ DENKO စက်သုံးဆီအရောင်းဆိုင်နှင့် ရွှေပြည်လမ်း စက်သုံးဆီအရောင်းဆိုင်တို့အား ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များမှ စက်သုံးဆီအရောင်းဆိုင်များတွင် လိုက်နာဆောင်ရွက်ရမည့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခြင်း၊ စက်သုံးဆီ အရောင်းဆိုင်များတွင် ဖြည့်တင်းထားရှိသော မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ အသင့်အနေ အထားရှိ/မရှိနှင့် စွမ်းအားပြည့် ကောင်းမွန်စွာ အသုံးပြုနိူင်ခြင်းရှိ/မရှိ စစ်ဆေးအကြံပြုခြင်း၊ လိုအပ်သည်များ ထပ်မံဖြည့်တင်းစေခြင်း၊ စက်သုံးဆီအရောင်းဆိုင်ဝန်ထမ်းများအနေဖြင့် မိမိတို့ဆိုင်တွင် အသင့်ဖြည့်တင်းထားရှိသော မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာပစ္စည်းများအား အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ရပါက ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရေးအတွက် အသိပညာပေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပို့ချခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ပေးခြင်း၊ အရေးပေါ်မီးငြှိမ်းသတ်ရေးလုပ်ငန်းအတွက် ရေသိုလှောင်ထားရှိမှုအခြေအနေများအား စစ်ဆေးအကြံပြုခြင်းနှင့် မီးသတိမူရေးနှင့် အရေးပေါ်တယ်လီဖုန်းနံပါတ်ပါ ဗီနိုင်းစာဆောင်များ ချိတ်ဆွဲပေးခြင်းတို့အား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြကြောင်းသိရသည်။
ဒီပါလင်း