ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ သန်လျင်၌ ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၄

၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီ (၁၂) ရက်နံနက်တွင် သန်လျင်ခရိုင်၊ သန်လျင်မြို့ သီဟဒီပအားကစားကွင်း၌ ကျင်းပသည်။

ပြည်ထောင်စုနေ့အထိမ်းအမှတ် မီတာ (၁၂၀၀) အလွတ်တမ်းအပြေးပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများ ကျင်းပပြီး ဆုရရှိသူများအား သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားမှူး ဦးလင်းလင်းထွန်းနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲဝင်အားကစားသမားနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)