မြစ်သားမြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မြစ်သား ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ဝါဝါစန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဘက်စုံသားဖွားဆရာမ ဒေါ်ဝင်းဌေးက ကင်ဆာရောဂါနှင့်ပတ်သက်၍‌‌ သတိပြုစားသောက်နိုင်ရန် ရည်ရွယ်၍ “သတိပြုဖွယ် ရာရင်သားကင်စာ” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောသည်။

ထို့နောက် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဓါတ်ပုံကျွမ်းကျင်-၂ ဒေါ်ဝါဝါမြင့်က နှစ်သစ်တွင်ကောင်းကျိုးများစွာရရှိပြီး မင်္ဂလာအပေါင်းပြည့်ဝကြစေရန် “နှစ်သစ်တွင် ကောင်းကျိုးစီးပွားအဖြာဖြာ တိုးတက်ကြပါစေ” ခေါင်းစဉ်ဖြင့်ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သားဖွား ဆရာမများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး အသိပညာပေး ဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)