ချမ်အေးသာစံ ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး၊ မြို့တော်ခန်းမသို့ ဖေဖော်ဝါရီလ(၁၃)ရက်နေ့ မွန်းလွဲပိုင်းက ရောက်ရှိပြီး နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်း ဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့မည့်ပစ္စည်းများအား ပြင်ဆင်ထုပ်ပိုးနေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။
ထိုသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က လိုက်လံကြည့်ရှုစဉ် တာဝန်ရှိသူများက စေတနာရှင် ပြည်သူများမှလှူဒါန်းသည့် စားသောက်ဖွယ်ရာများကို နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ထောက်ပံ့ပေးပို့ရန်အတွက်ဌာနဆိုင်ရာဝန်ထမ်းများကစနစ်တကျ သေသပ်စွာ ပြင်ဆင်ထုပ်ပိုးနေမှု အဆင့်ဆင့်ကို လိုက်ပါရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်နေသူများအား လိုက်လံအားပေးခဲ့ကြောင်း သတင်းရရှိသည်။
ထွန်းထွန်းနိုင်