(၂၂) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အ.ထ.က (၂) တွံတေး၌ ကျင်းပ

တွံတေး ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အုန်းပင်စုရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ယခင်မက်သဒစ် အ.လ.ကမြို့မ) ကျောင်းတွင် သင်ကြားပေးခဲ့ကြသော အနန္တဂိုဏ်းဝင်ကျေးဇူးရှင် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးအပေါင်းတို့အား မြတ်ဆရာဂါဝရသဘင်ဆင်ယင်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက် နေ့ နံနက် (၉) နာရီအချိန်က အ.ထ.က (၂) ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက မြတ်ဆရာပူဇော်ပွဲ ကျင်းပပြုလုပ်ရခြင်းအား ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူအပေါင်းတို့က အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဆရာကြီး၊ ဆရာမကြီးတို့အား မြတ်ဆရာပူဇော်ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြကာ အပူဇော်ခံ ဆရာကြီး၊ ဆရာမကြီးတို့အား ကျောင်းသား၊ ကျောင်းသူဟောင်းများက အသက် (၇၅) နှစ်အထက် (၃၂)  ဦးကို တစ်ဦးလျှင်ငွေကျပ် (၁၅၀၀၀၀) ကိုလည်ကောင်း၊ အသက် (၇၀) အထက် (၂၄) ဦးကို တစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀၀) ကိုလည်းကောင်း၊ အသက် (၆၂) နှစ်အထက် (၇၆) ဦးကို တစ်ဦးလျှင် ငွေကျပ် (၆၀၀၀၀) ကိုလည်ကောင်း ပူဇော်ကန့်တော့ပြီး အလှူရှင်ဦးသိန်းဝင်းဇော် မိသားစုက အငြိမ်းစားဆရာကြီး၊ ဆရာမကြီး တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀၀) နှင့် ATOM ဖုန်းဘေကတ် (၁၀၀၀၀) ကျပ်တန် တစ်ကတ်စီထပ်မံပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများ၏ကိုယ်စား ဆရာကြီးဦးတင်ထွန်းက ဆုံးမသြဝါဒများ ပြေကြားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ (၂၂) ကြိမ်မြောက် မြတ်ဆရာပူဇော်ဂါဝရသဘင်းသို့ ဆရာကြီး၊ ဆရာမကြီး (၁၃၂) ဦးနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မျိုးလှိုင်