ခိုလမ်မြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ခိုလမ် ဖေဖေါ်ဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အမှတ်(၅)ရပ်ကွက်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မင်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ပွင့်လင်းရာသီရောက်ရှိလာသဖြင့် မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးမှုများမဖြစ်ပေါ်စေရန်အတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် လျှပ်စစ်ဝါယာကြိုးသွယ်တန်းထားရှိ အသုံးပြုမှု၊ ဟောင်နွမ်းပျက်ဆီးနေသော ဝါယာကြိုးများ အသုံးမပြုရန်၊ စျေးဆိုင်များတွင် မီးသတ်ဆေးဘူးထားရှိစေခြင်း၊ မီးသုံးစွဲမှု စနစ်တကျရှိစေရေး စသည့်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး လိုက်နာဆောင်ရွက်ကြရန် အသိပေး ပြောဆိုခဲ့ကြောင်း  သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)