မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် (၃၆)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှု

ချမ်အေးသာစံ  ဖေဖော်ဝါရီ  ၁၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည်  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီး၌ ဖေဖော်ဝါရီ (၁၅)ရက်နေ့တွင် ကျင်းပမည့် (၃၆)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် လုပ်ငန်းကော်မတီများမှတာဝန်ရှိသူများက ထေကြီးဝါကြီးဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များ၊ စာအောင်သီလရှင်များ၊ စာအောင်လူပုဂ္ဂိုလ်များနှင့် တက်ရောက်ကြမည့် ဧည့်ပရိသတ်များအတွက် နေရာများ သတ်မှတ်စီစဉ်ထားရှိပြီးမှု၊ အခမ်းအနားအစီအစဉ်အတိုင်း ဆောင်ရွက်ရာတွင် မှားယွင်းမှုမရှိစေရေး စနစ်တကျစီစဉ်ဆောင်ရွက်ထားရှိမှု၊   ဆွမ်းဆန်စိမ်းလောင်းလှူရန်နေရာတွင် အခင်းအကျင်းများ ကြိုတင်ပြင်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင်